A Glimpse of My Life

Blog EntryJust Some ThoughtsFeb 21, '08 8:05 PM
for everyone
တစ်ခါတစ်လေ ကျွန်မ တော်တော် မကောင်းဘူး။ ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးလွန်းအားကြီးတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းအားကြီးလို့ အရှက်ကွဲရပေါင်းလည်း များပါပြီ။

ဘာမဆို ကိုယ်လုပ်နိုင်တယ် လို့ပဲ ကိုယ့်စိတ်ထဲမှာ ရှိတယ်။ ကိစ္စတစ်ခုခု ဖြစ်ချင်ပြီဆို ကျွန်မတော့ ရှေ့မကြည့်၊ နောက်မကြည့်  လုပ်လိုက်တာပဲ... ကျွန်မရဲ့ ခံယူချက် တစ်ခုက Everything is possible.. It's just depends on whether you want to do it. ကိုယ်က အမှန်တစ်ကယ် စိတ်ပါရင် ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်မိပါတယ်။

တစ်ချို့ ကိစ္စတွေဆိုရင်တော့ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒနဲ့တင် ပြီးတာတော့ မဟုတ်ဘူးပေါ့နော်။ နှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက်ပိုတဲ့သူတွေရဲ့ ဆန္ဒက ဒီတစ်ခုတည်းဆိုရင်တော့ ဒီဆန္ဒကို ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ဖို့ဆိုတာ လူညီရင် မဖြစ်နိုင်တာ မရှိဘူးလို့ ယုံကြည်မိပါတယ်။

ခက်တာက ဒီ collective will ကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ လူ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ချင်တာတွေ ထပ်တူ ကိုက်ညီဖို့ဆိုတာ တော်တော်ခက်ပါတယ်။ လူတစ်ယောက်ကို အိုင်ဒီယာ တစ်ခုစီနဲ့ဆိုရင်တော့ သိပ်ပြီး အလုပ်တွင်မှာ မဟုတ်ပါဘူး။ အဓိက ကတော့ cooperation ပါပဲ။

ချစ်ရေး ချစ်ရာမှာ... Long Distance Relationship ဆိုတာ ခက်ခဲတယ်၊ မဖြစ်နိုင်ဘူးဆိုပြီး အများအားဖြင့် ထင်မြင်ကြပါတယ်။ Realistic မဖြစ်ဘူး... idealistic ဖြစ်တယ် ဆိုပြီးလည်း ဆိုကြပါတယ်။ ဒါပေမယ့် ဖြစ်အောင် လုပ်သွားကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ နှစ်ဦးလုံးရဲ့ ခံယူချက်က distance ဆိုတာ overcome လုပ်လို့ရတယ် ဆိုတဲ့ mindset လေး ရှိကြတာကိုး...

တစ်ခါတစ်လေ ဒါကို တွေးမိပြီး ၀မ်းနည်းမိပါတယ်။ ကျွန်မ ချစ်ခဲ့ရတဲ့သူက ဒီ LDR ကို အယုံအကြည် မရှိပါဘူး။ မဖြစ်နိုင်ဘူးလို့ပဲ သူ့စိတ်မှာ ၀င်နေတယ်။ အဲ့ဒီတော့ ကျွန်မရဲ့ မဖြစ်နိုင်ဘူးဆိုတာ မှားတယ်ဆိုတဲ့ ထောက်ပြချင်တဲ့ စိတ်လေးက ငုတ်လျိုးနေရတယ်။ ကိုယ့်ဆန္ဒ တစ်ခုတည်းမှ မဟုတ်တာ... သူက ဖြစ်အောင် လုပ်ချင်တဲ့ စိတ်မှ မရှိတာ... မရှိဘူးဆို သူက ကိုယ့်ကိုမှ မချစ်တာကိုး.... ကိုယ်ကဖြင့် ကိုယ့်ကိုယ်ကို ဇွတ်အထင်ကြီးနေမိတာကိုး...

-+-+-+-

အခုလည်း ကျွန်မ ကိုယ့်ကိုယ်ကို ဇွတ်အထင်ကြီးနေမိပြီ ထင်ပါတယ်။ စိတ်လျှော့... စိတ်လျှော့...

nwesu wrote on Feb 22
how can he say not possible even without trying ..
dawnn1o9 wrote on Feb 22
nwesu said
how can he say not possible even without trying ..
မချစ်မှ မချစ်တာကိုး... မ try တော့ဘူးပေါ့...
Add a Comment
   
© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help