A Glimpse of My Life

ReviewReviewReviewReviewReviewMyat Si Mhate Chit Nay MalNov 23, '07 12:40 AM
for everyone
Category:Music
Genre: Pop
Artist:Moet Moet
ဒီအခွေလေးကတော့ ဟောင်းနေပါပြီ။ ဒါပေမယ့် အဟောင်းထဲက အကောင်းလေးပါ။

မို့မို့ရဲ့ ဒီအခွေကို ပထမဆုံး နားထောင်ဖူးတာပါ။ နောက်ပြီးမှ သူ့ရဲ့ ပထမဆုံး အခွေကို နားထောင်ဖြစ်ပါတယ်။ ဒီအခွေကတော့ အကောင်းဆုံးပါပဲ။

ဒီအခွေက ကိုယ်ပိုင်သံစဉ်တွေ များပါတယ်။ ကျွန်မ သိသလောက်တော့ အသစ်သောနေ့ သီချင်းတစ်ပုဒ်ပဲ ကော်ပီ လို့ ဆိုပါတယ်။ ဒီသီချင်းက ကာတွန်းကား တစ်ခုထဲက သီချင်း လို့ ဆိုပါတယ်။ မို့မို့က ဒီ သီချင်းကို အရမ်းကြိုက်လို့ မြန်မာမှု ပြုဖြစ်တာလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ ကိုယ်ပိုင်သံစဉ်လေးတွေ ချပြတာ သဘောကျပါတယ်။ သူ့အသံ အေးအေးလေးနဲ့ သီချင်းလေးတွေ လိုက်ဖက်လှပါတယ်။

သူက စ၀င်လာကတည်းက ကိုယ်ပိုင်သံစဉ် သီချင်းဆိုပြီး ၀င်လာတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အသံကောင်းရဲ့သားနဲ့... ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားအောင် နိုင်ငံခြား ကော်ပီသီချင်း ကြီး ဆိုထည့်လိုက်မယ် ဟဲ့ ဆိုတဲ့ တစ်ချို့ချို့သော အဆိုတော်တွေထက် ပိုပြီး လေးစားစရာ ကောင်းပါတယ်။

ဒီအခွေထဲမှာ ကျွန်မ အကြိုက်ဆုံးက - ထာဝရ၊ တိမ်တွေလို၊ ဖန်တီးမရတဲ့ အချစ်၊ မျက်စိမှိတ်ချစ်နေမယ်၊ ဆွေး၊ မသွားနဲ့ အဝေး၊ မောင်နဲ့ ကျွန်မ... အင်း တစ်ခွေလုံး နီးပါး ပါပဲ။

ထာဝရ သီချင်းကတော့ ထာဝရ favorite ပါပဲ။ အရင်က NG II K ဆိုတုန်းကလည်း ကြိုက်ခဲ့ပါတယ်။ နောက် မို့မို့ ပြန်ဆိုတော့လည်း ကြိုက်တာပါပဲ။

တိမ်တွေလို သီချင်းကတော့ ထရေစီ အရင်ဆိုတာပါ။ သူ့ရဲ့ နာမည်သိပ်မကြီးလိုက်တဲ့ (ဒါပေမယ့် သီချင်းကောင်းလေးတွေ ပါတဲ့) အခွေထဲမှာ ပါပါတယ်။ ဒါပေမယ့် မို့မို့ ပြန်ဆိုတာလည်း နားထောင်လို့ ကောင်းပါတယ်။ အစကတည်းက စာသားလေးတွေ၊ တီးလုံးလေးတွေ ကြိုက်ပြီးသား ဆိုတော့ ကြိုက်ပြန်တာပေါ့...

ဖန်တီးမရတဲ့အချစ် ကိုတော့ ဇာတ်လမ်းလေးတစ်ပုဒ် ပြောသွားသလို ဆိုသွားပါတယ်။ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ ဖွင့်ဟရခက်တဲ့ အချစ်ကို ဖော်ကျူးသွားတာ ပီပြင်ပါတယ်။ ကျွန်မ အကြိုက်ဆုံး သီချင်းလေးပါ။

~ ရီဝေေ၀ အကြည့်တို့နဲ့ ဆုံချိန်က တို့ရင်ခွင်ထဲ အေးခဲသွား.. ချိုသာတဲ့စကား နောက်ကွယ်မှာလည်း တို့သာယာခဲ့ မင်းမသိပါ ~ နောက်ကျမှာလည်း ဆိုး .. ဝေးရမှာလည်း ကြောက်မိသလိုလို... မင်းမသိတာလည်း ဆိုး... ညည တစ်ယောက်တည်း အိမ်မက်တွေပို ~

မို့မို့ ရဲ့ အသံနဲ့ လိုက်ဖက်လှတဲ့ သီချင်းတစ်ပုဒ်ပါ။

မျက်စိမှိတ်ချစ်နေမယ် ကတော့ စုံတွဲ တေးလေးပါ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ထူးအိမ်သင် နဲ့ တွဲဆိုထားတာပါ။ အကြိုက်ဆုံး စုံတွဲတေး တွေထဲမှာ ပါဝင်ပါတယ်။

ဆွေး သီချင်းကိုတော့ နောက်ဆုံး စန္ဒရား သက်သက်နဲ့ပဲ တီးဆိုသွားတဲ့ version ကို ပိုကြိုက်မိပါတယ်။ ပိုပြီး အသက်ဝင်တယ်လို့ ခံစားရပါတယ်။ လွန်ခဲ့တဲ့ ၃လလောက်က ကျွန်မခေါင်းထဲ စွဲနေခဲ့တဲ့ သီချင်းလေးပါ။

~ တစ်ယောက်ထဲပေါ့ အချစ်ရေ... အသက်ရှုတိုင်းမှာ မင်းကိုလွမ်း.. ဒီအချိန် မင်းနား တစ်ယောက်ယောက် ချစ်ခွင့်ရနေမလား .. ကိုယ်ခံစားလိုက်ရတာ ဆွေး ~

မသွားနဲ့ ဝေး သီချင်းကတော့ ကျန်တဲ့ သီချင်းလေးတွေနဲ့ သံစဉ် နည်းနည်း သွားတူပါတယ်။ ဒါပေမယ့် ကွဲပြားပါတယ်။ စာသားလေးတွေလည်း ကောင်းပါတယ်။

~ အို မမေးနဲ့ အချစ်လေး... သိပြီးသားပဲလေ... အို မပြောနဲ့နော် အချစ်လေး .. တို့အတိတ်က ဇာတ်လမ်းတွေ... အို မသွားနဲ့နော် အချစ်လေး.. တို့လွမ်းရမယ့် ခရီးရှည်... တားပါရစေ... အို.. မသွားနဲ့နော် မဝေး ~ မင်းအထိအတွေ့ တွေကိုလည်း အငွေ့အသက်ဖြစ်သာ ကိုယ့်မှာ တမ်းတကာ ရင်မှာ မော ~

အလွမ်းအဆွေး သီချင်းလေးတွေ ကြိုက်တတ်တဲ့ ကျွန်မအတွက် ပေါ့။

မောင်နဲ့ ကျွန်မ သီချင်းကတော့ မြန်မာအသိုင်းအ၀န်းမှာ တွေ့ရတတ်တဲ့ အဆင့်အတန်း ခွဲခြားမှုကို ထင်ဟပ်ပြနေပါတယ်။ ကိုယ့်ရဲ့ ချစ်သူ သာ အနားမှာ ရှိရင် ဘာမှကို ဂရုမစိုက်တော့ဘူး ဆိုတော့ romantic ဆန်တဲ့ သီချင်းလေး တစ်ပုဒ်ပါ။ မိန်းကလေးဘက်က ရဲရင့်တဲ့ သီချင်းလေးပါ... ကောင်းပါတယ်။


ReviewReviewReviewReviewReviewAnywhereNov 15, '07 4:00 AM
for everyone
Category:Music
Genre: Alternative Rock
Artist:Evanescence
ဒီသီချင်းလေးကတော့ ကျွန်မရဲ့ အကြိုက်ဆုံး သီချင်းတွေထဲမှာ တစ်ပုဒ် အဖြစ်ပါဝင်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် လွန်ခဲ့တဲ့ (၃) နှစ်လောက်က ကျွန်မကို လှမ်းပို့ပေးတော့ နားထောင်ရင် အရမ်း နှစ်သက်သွားတဲ့ သီချင်းပါ။

ဒီသီချင်းက Evanescence ရဲ့ သီချင်း ခပ်အေးအေး တစ်ပုဒ်ပါ။ အေမီ လီ (Amy Lee) နဲ့ ဒေးဗစ် ဟော့ဂ်ျ(စ်) (David Hodges) က ဆိုထားပါတယ်။ တေးရေး ဘန် မူဒီ (Ben Moody) ဖြစ်ပါတယ်။ ဒီ သီချင်းလေးကို လီယိုနာဒို (Leonardo DiCaprio) / ကလဲယား ဒိန်း(စ်) (Claire Danes) တို့ သရုပ်ဆောင်ထားတဲ့ Romeo & Juliet ရုပ်ရှင်ကို ကြည့်ရင်း idea ရတယ် လို့ ဆိုပါတယ်။

ဒီ သီချင်းက Evanescence ရဲ့ official အယ်လ်ဘမ် တွေထဲမှာ မပါပါဘူး။ သူ စစချင်း ထုတ်တဲ့ "Origin" ဆိုတဲ့ စီဒီ အခွေထဲမှာပဲ ပါပါတယ်။ (ဒါပေမယ့် သူတို့က ဒီ အခွေကို first album လို့ မသတ်မှတ်ပါဘူးတဲ့။ နည်းနည်းပိုကောင်းတဲ့ ဒီမို စီဒီ ပဲ ဖြစ်တယ် လို့ ပြောပါတယ်။) အဲ့ဒီ အခွေကို သူတို့နေရပ် Little Rock, Arkansas မှာ concert လာ ပရိတ်သက်တွေ အတွက် ဖြန့်ဝေတာ ဖြစ်ပြီး အချပ် ၂၅၀၀ ပဲ ဖြန့်ဝေတယ်လို့ ဆိုပါတယ်။

ဒီသီချင်းက စာသားလေးတွေ လှသလို ဆိုသွားတာလည်း ကောင်းလှပါတယ်။ အဲ့ဒီ သီချင်း နားထောင်ရင်း တကယ်ပဲ ကိုယ်ချစ်တဲ့သူ ရဲ့ လက်ကို ဆွဲပြီး ဟိုး လူမသိတဲ့ နေရာတစ်ခု ကို ထွက်ပြေးချင်စိတ် ပေါက် လာပါတယ်။

Dear my love, haven't you wanted to be with me
And dear my love, haven't you longed to be free
I can't keep pretending that I don't even know you
And at sweet night, you are my own
Take my hand

We're leaving here tonight
There's no need to tell anyone
They'd only hold us down
So by the morning's light
We'll be half way to anywhere
Where love is more than just your name

I have dreamt of a place for you and I
No one knows who we are there
All I want is to give my life only to you
I've dreamt so long I cannot dream anymore
Let's run away, I'll take you there

We're leaving here tonight
There's no need to tell anyone
They'd only hold us down
So by the morning's light
We'll be half way to anywhere
Where no one needs a reason

Forget this life
Come with me
Don't look back you're safe now
Unlock your heart
Drop your guard
No one's left to stop you

Forget this life
Come with me
Don't look back you're safe now
Unlock your heart
Drop your guard
No one's left to stop you now

We're leaving here tonight
There's no need to tell anyone
They'd only hold us down
So by the morning light
We'll be half way to anywhere
Where love is more than just your name

Yeah yeah, yeah yeah, yeah yeah

ကိုယ် မင်းနဲ့ အတူ နေထိုင်ဖို့ နေရာလေးတစ်ခု စိတ်ကူးထဲမှာ ရှိတယ်
ဒီနေရာမှာ ကိုယ်တို့ကို ဘယ်သူမှ မသိဘူး
ကိုယ်လိုချင်တာက ကိုယ့်ရဲ့ဘ၀တစ်ခုလုံးကို မင်းလက်ထဲ အပ်နှင်းဖို့ပါပဲ


ဒီသီချင်းကို http://dawnn1o9.multiply.com/music/item/1/Dawns_Melodies မှာ နားထောင်လို့ ရပါတယ်။


ReviewReviewReviewReviewChit Thu Lar, Sakar Ta Pwint Pwint Khae DaeOct 16, '07 4:07 AM
for everyone
Category:Books
Genre: Romance
Author:Juu
This is one of my fav. book of Juu. It displays a struggle of a woman (May Zaw Nu) between 2 male characters: one man (Min Nyo Sin) whom she loves (or has been hoping for his love) but he doesn't show any sign of feelings for her, and another man (Khun) who shows his love openly.

The author left us to guess if the second character (Khun ?) is really a person, just a figment of the May Zaw's imagination, or a ghost.

I liked this book because of how the author was able to describe May Zaw's feelings vividly: frustration at Min Nyo Sin for not telling or showing his feelings, feeling a little hopeful when Min Nyo Sin showed that he cared (i.e: when he bought make-up for her), her jealousy when faced with Min Nyo's female boss, uncertain feelings when faced with Khun and his tender display of affection (i.e: leaving a flower on her bed's pillow). It described alot of how a woman will feel if they were faced with such situations.


© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help