A Glimpse of My Life

ReviewReviewReviewReviewReviewMyat Si Mhate Chit Nay MalNov 23, '07 12:40 AM
for everyone
Category:Music
Genre: Pop
Artist:Moet Moet
ဒီအခွေလေးကတော့ ဟောင်းနေပါပြီ။ ဒါပေမယ့် အဟောင်းထဲက အကောင်းလေးပါ။

မို့မို့ရဲ့ ဒီအခွေကို ပထမဆုံး နားထောင်ဖူးတာပါ။ နောက်ပြီးမှ သူ့ရဲ့ ပထမဆုံး အခွေကို နားထောင်ဖြစ်ပါတယ်။ ဒီအခွေကတော့ အကောင်းဆုံးပါပဲ။

ဒီအခွေက ကိုယ်ပိုင်သံစဉ်တွေ များပါတယ်။ ကျွန်မ သိသလောက်တော့ အသစ်သောနေ့ သီချင်းတစ်ပုဒ်ပဲ ကော်ပီ လို့ ဆိုပါတယ်။ ဒီသီချင်းက ကာတွန်းကား တစ်ခုထဲက သီချင်း လို့ ဆိုပါတယ်။ မို့မို့က ဒီ သီချင်းကို အရမ်းကြိုက်လို့ မြန်မာမှု ပြုဖြစ်တာလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ ကိုယ်ပိုင်သံစဉ်လေးတွေ ချပြတာ သဘောကျပါတယ်။ သူ့အသံ အေးအေးလေးနဲ့ သီချင်းလေးတွေ လိုက်ဖက်လှပါတယ်။

သူက စ၀င်လာကတည်းက ကိုယ်ပိုင်သံစဉ် သီချင်းဆိုပြီး ၀င်လာတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အသံကောင်းရဲ့သားနဲ့... ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားအောင် နိုင်ငံခြား ကော်ပီသီချင်း ကြီး ဆိုထည့်လိုက်မယ် ဟဲ့ ဆိုတဲ့ တစ်ချို့ချို့သော အဆိုတော်တွေထက် ပိုပြီး လေးစားစရာ ကောင်းပါတယ်။

ဒီအခွေထဲမှာ ကျွန်မ အကြိုက်ဆုံးက - ထာဝရ၊ တိမ်တွေလို၊ ဖန်တီးမရတဲ့ အချစ်၊ မျက်စိမှိတ်ချစ်နေမယ်၊ ဆွေး၊ မသွားနဲ့ အဝေး၊ မောင်နဲ့ ကျွန်မ... အင်း တစ်ခွေလုံး နီးပါး ပါပဲ။

ထာဝရ သီချင်းကတော့ ထာဝရ favorite ပါပဲ။ အရင်က NG II K ဆိုတုန်းကလည်း ကြိုက်ခဲ့ပါတယ်။ နောက် မို့မို့ ပြန်ဆိုတော့လည်း ကြိုက်တာပါပဲ။

တိမ်တွေလို သီချင်းကတော့ ထရေစီ အရင်ဆိုတာပါ။ သူ့ရဲ့ နာမည်သိပ်မကြီးလိုက်တဲ့ (ဒါပေမယ့် သီချင်းကောင်းလေးတွေ ပါတဲ့) အခွေထဲမှာ ပါပါတယ်။ ဒါပေမယ့် မို့မို့ ပြန်ဆိုတာလည်း နားထောင်လို့ ကောင်းပါတယ်။ အစကတည်းက စာသားလေးတွေ၊ တီးလုံးလေးတွေ ကြိုက်ပြီးသား ဆိုတော့ ကြိုက်ပြန်တာပေါ့...

ဖန်တီးမရတဲ့အချစ် ကိုတော့ ဇာတ်လမ်းလေးတစ်ပုဒ် ပြောသွားသလို ဆိုသွားပါတယ်။ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ ဖွင့်ဟရခက်တဲ့ အချစ်ကို ဖော်ကျူးသွားတာ ပီပြင်ပါတယ်။ ကျွန်မ အကြိုက်ဆုံး သီချင်းလေးပါ။

~ ရီဝေေ၀ အကြည့်တို့နဲ့ ဆုံချိန်က တို့ရင်ခွင်ထဲ အေးခဲသွား.. ချိုသာတဲ့စကား နောက်ကွယ်မှာလည်း တို့သာယာခဲ့ မင်းမသိပါ ~ နောက်ကျမှာလည်း ဆိုး .. ဝေးရမှာလည်း ကြောက်မိသလိုလို... မင်းမသိတာလည်း ဆိုး... ညည တစ်ယောက်တည်း အိမ်မက်တွေပို ~

မို့မို့ ရဲ့ အသံနဲ့ လိုက်ဖက်လှတဲ့ သီချင်းတစ်ပုဒ်ပါ။

မျက်စိမှိတ်ချစ်နေမယ် ကတော့ စုံတွဲ တေးလေးပါ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ထူးအိမ်သင် နဲ့ တွဲဆိုထားတာပါ။ အကြိုက်ဆုံး စုံတွဲတေး တွေထဲမှာ ပါဝင်ပါတယ်။

ဆွေး သီချင်းကိုတော့ နောက်ဆုံး စန္ဒရား သက်သက်နဲ့ပဲ တီးဆိုသွားတဲ့ version ကို ပိုကြိုက်မိပါတယ်။ ပိုပြီး အသက်ဝင်တယ်လို့ ခံစားရပါတယ်။ လွန်ခဲ့တဲ့ ၃လလောက်က ကျွန်မခေါင်းထဲ စွဲနေခဲ့တဲ့ သီချင်းလေးပါ။

~ တစ်ယောက်ထဲပေါ့ အချစ်ရေ... အသက်ရှုတိုင်းမှာ မင်းကိုလွမ်း.. ဒီအချိန် မင်းနား တစ်ယောက်ယောက် ချစ်ခွင့်ရနေမလား .. ကိုယ်ခံစားလိုက်ရတာ ဆွေး ~

မသွားနဲ့ ဝေး သီချင်းကတော့ ကျန်တဲ့ သီချင်းလေးတွေနဲ့ သံစဉ် နည်းနည်း သွားတူပါတယ်။ ဒါပေမယ့် ကွဲပြားပါတယ်။ စာသားလေးတွေလည်း ကောင်းပါတယ်။

~ အို မမေးနဲ့ အချစ်လေး... သိပြီးသားပဲလေ... အို မပြောနဲ့နော် အချစ်လေး .. တို့အတိတ်က ဇာတ်လမ်းတွေ... အို မသွားနဲ့နော် အချစ်လေး.. တို့လွမ်းရမယ့် ခရီးရှည်... တားပါရစေ... အို.. မသွားနဲ့နော် မဝေး ~ မင်းအထိအတွေ့ တွေကိုလည်း အငွေ့အသက်ဖြစ်သာ ကိုယ့်မှာ တမ်းတကာ ရင်မှာ မော ~

အလွမ်းအဆွေး သီချင်းလေးတွေ ကြိုက်တတ်တဲ့ ကျွန်မအတွက် ပေါ့။

မောင်နဲ့ ကျွန်မ သီချင်းကတော့ မြန်မာအသိုင်းအ၀န်းမှာ တွေ့ရတတ်တဲ့ အဆင့်အတန်း ခွဲခြားမှုကို ထင်ဟပ်ပြနေပါတယ်။ ကိုယ့်ရဲ့ ချစ်သူ သာ အနားမှာ ရှိရင် ဘာမှကို ဂရုမစိုက်တော့ဘူး ဆိုတော့ romantic ဆန်တဲ့ သီချင်းလေး တစ်ပုဒ်ပါ။ မိန်းကလေးဘက်က ရဲရင့်တဲ့ သီချင်းလေးပါ... ကောင်းပါတယ်။


phantommask wrote on Nov 23, '07
"မသွားနဲ့အဝေး"က The Corrs ရဲ့ Don't Say You Love Me.
ဒါပေမယ့် မို့မို့ဆိုထားတာ ပိုမိုက်တယ်။ သီချင်းက သူ့အမေ၊ ဖြူသီရေးပေးထားတာထင်တယ်။

မို့မို့ကို မြန်မာ မိန်းကလေး အဆိုတော်တွေထဲမှာ တော်တော်ကြိုက်တယ် (လူကိုရော၊ အဆိုတော်ကိုရော)
သူ မိုင်ပေါင်းကုဋေ ကို ပြန်ဆိုထားတာ .. ထွန်းအိန်ဒြာဗိုလ်ထကိ ပိုကောင်းတယ်လို့ ထင်မိတယ်..
ဟိုတစ်ယောက်လို အော်ကြီးဟစ်ကျယ်ဆိုနေတာမဟုတ်ဘဲ .. တိတ်တိတ်လေး ကြိတ်လွမ်းနေတဲ့ ကောင်မလေးတစ်ယောက်က နင့်နင့်သီးသီးခံစားပြီး ဆိုထားတာနဲ့တူတယ်။

hee hee... talk too much..
;)
dawnn1o9 wrote on Nov 23, '07
"မသွားနဲ့အဝေး"က The Corrs ရဲ့ Don't Say You Love Me.
ဒါပေမယ့် မို့မို့ဆိုထားတာ ပိုမိုက်တယ်။ သီချင်းက သူ့အမေ၊ ဖြူသီရေးပေးထားတာထင်တယ်။

မို့မို့ကို မြန်မာ မိန်းကလေး အဆိုတော်တွေထဲမှာ တော်တော်ကြိုက်တယ် (လူကိုရော၊ အဆိုတော်ကိုရော)
သူ မိုင်ပေါင်းကုဋေ ကို ပြန်ဆိုထားတာ .. ထွန်းအိန်ဒြာဗိုလ်ထကိ ပိုကောင်းတယ်လို့ ထင်မိတယ်..
ဟိုတစ်ယောက်လို အော်ကြီးဟစ်ကျယ်ဆိုနေတာမဟုတ်ဘဲ .. တိတ်တိတ်လေး ကြိတ်လွမ်းနေတဲ့ ကောင်မလေးတစ်ယောက်က နင့်နင့်သီးသီးခံစားပြီး ဆိုထားတာနဲ့တူတယ်။

hee hee... talk too much..
;)
သြော် ဟုတ်သားပဲ... The Corrs သီချင်းကို ပြန်ဆိုထားတယ် ဆိုတာ မေ့သွားတယ်။ :) ဒါပေမယ့် ကော်ပီ ဆိုပေမယ့်လည်း ကောင်းသေးတာပဲ...

ဖန်တန်ပြောတဲ့ မိုင်ပေါင်းကုဋေ သီချင်းက အချစ်ရှိသော နေ့စွဲများ က လား။

(စကားများများပြောလည်း ရပါတယ် ပီ ရယ် :P)
Add a Comment
How would you rate this title? (optional)
   
© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help